web 2.0

Saturday, February 13, 2010

၂၀၀၉ ခုနှစ်ရဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်များ

၂၀၀၉ ခုနှစ်ရဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်များစာရင်းကို ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းက ကြေညာလိုက်ပါတယ်။ အဲဒီထဲမှာ ထူးခြားတာက နံပါတ် (၁) အမေရိကန်သမ္မတ အိုဘားမား၊ (၂) တရုတ်သမ္မတ ဟူကျင်းတောင်၊ (၃) ရုရှားသမ္မတ ဗလာဒီမာပူတင်ပြီးလျှင် ကျန် နံပါတ် (၁) မှ (၁၀) အတွင်း ပုဂ္ဂိုလ်များအပါအ၀င် အများစုမှာ စီးပွားရေးလောကမှ လူများဖြစ်နေပါတယ်။ ဂူးဂယ်လ်မှ ဆာဂေးနဲ့ လယ်ရီတို့လဲ နံပါတ် (၅) နေရာမှာ ရှိနေပါတယ်။ သူတို့ရဲ့သြဇာရှိမှုကို သက်သေပြနေတဲ့အချက်ကတော့ ပြီးခဲ့တဲ့လအတွင်းဖြစ်ခဲ့တဲ့ တရုတ်အစိုးရနဲ့ ဂူးဂယ်လ်ရဲ့အငြင်းပွားမှုတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ နံပါတ် (၉) နေရာမှရှိတဲ့ ဆော်ဒီဘုရင်ရဲ့သြဇာသက်ရောက်မှုကိုတောင် ရေနံကြွယ်ဝမှုနဲ့ ဖော်ပြထားပါတယ်။ ဒီစာရင်းမှာ ကလင်တန်ဇနီးမောင်နှံလဲပါပေမယ့် ဒီတခါတော့ မိန်းမကသာသွားပါပြီ။ သြော် ဇာတ်လိုက်ကျော်ကြီး ဘင်လာဒင်လဲ မကျန်ခဲ့ပါဘူးဗျို့။ ကဲ… ကျန်တဲ့ပုဂ္ဂိုလ်များစာရင်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ကြပါအုံး။
  1. Barack Obama
  2. Hu Jintao
  3. Vladimir Putin
  4. Ben S. Bernanke
  5. Sergey Brin and Larry Page
  6. Carlos Slim Helu
  7. Rupert Murdoch
  8. Michael T. Duke
  9. Abdullah bin Abdul Aziz al Saud
  10. William Gates III
  11. Pope Benedict XVI
  12. Silvio Berlusconi
  13. Jeffrey R. Immelt
  14. Warren Buffett
  15. Angela Merkel
  16. Laurence D. Fink
  17. Hillary Clinton
  18. Lloyd C. Blankfein
  19. Li Changchun
  20. Michael Bloomberg
  21. Timothy Geithner
  22. Rex W. Tillerson
  23. Li Ka-shing
  24. Kim Jong Il
  25. Jean-Claude Trichet
  26. Masaaki Shirakawa
  27. Sheikh Ahmed bin Zayed al Nahyan
  28. Akio Toyoda
  29. Gordon Brown
  30. James S. Dimon
  31. Bill Clinton
  32. William H. Gross
  33. Luiz Inacio Lula da Silva
  34. Lou Jiwei
  35. Yukio Hatoyama
  36. Manmohan Singh
  37. Osama bin Laden
  38. Syed Yousaf Raza Gilani
  39. Tenzin Gyatso
  40. Ali Hoseini-Khamenei
  41. Joaquin Guzman
  42. Igor Sechin
  43. Dmitry Medvedev
  44. Mukesh Ambani
  45. Oprah Winfrey
  46. Benjamin Netanyahu
  47. Dominique Strauss-Kahn
  48. Zhou Xiaochuan
  49. John Roberts Jr.
  50. Dawood Ibrahim Kaskar
  51. William Keller
  52. Bernard Arnault
  53. Joseph S. Blatter
  54. Wadah Khanfar
  55. Lakshmi Mittal
  56. Nicolas Sarkozy
  57. Steve Jobs
  58. Fujio Mitarai
  59. Ratan Tata
  60. Jacques Rogge
  61. Li Rongrong
  62. Blairo Maggi
  63. Robert B. Zoellick
  64. Antonio Guterres
  65. Mark John Thompson
  66. Klaus Schwab
  67. Hugo Chavez

Saturday, February 6, 2010

ရင်လေးတယ်

တလောက ကျနော့်သူငယ်ချင်းတယောက်က သူတို့အဖွဲ့လုပ်ထားတဲ့ ကျန်းမာရေးစစ်တမ်းတစောင် လာပေးပါတယ်။ ကျနော် အလုပ်မအားဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ထားလိုက်တယ်။ ပြီးခဲ့တဲ့ အလုပ်ပိတ်ရက်မှ အချိန်ရတာနဲ့ အဲဒီစစ်တမ်းကို ဖတ်ကြည့်မိတယ်။

အဲဒီစစ်တမ်းကို ဖတ်ပြီးတော့မှ တော်တော်ရင်လေးသွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အသာထားလို့ ကျနော် လူပြိန်းကြည့် ခြုံကြည့်မိတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူတို့စစ်တမ်းကောက်ခဲ့တဲ့ ကျေးလက်ဒေသ တော်တော်များများမှာ အသက် (၁၅) လောက်ကနေ (၅၀) ကြား တကယ့်အရွယ်ကောင်း အမျိုးသားအရေအတွက်ဟာ ပုံမှန်ရှိရမဲ့ အရေအတွက်ထက် အရမ်း အရမ်းကို လျော့နည်းနေတယ်ဆိုတာ သွားတွေ့ရတယ်။ ရွာတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်း (၅၀) ကျော် (၆၀) နောက်ပိုင်း အမျိုးသားတွေပဲ ကျန်တော့တယ်။ အမျိုးသမီးအရေအတွက်လဲ ဒီလိုပါပဲ။ ဒါပေမဲ့ အမျိုးသားအရေအတွက်စာ အများကြီးတော်သေးတယ်။ အဲဒီတော့ ရွာတွေမှာ ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေပဲ ကျန်တော့တယ်။ အဲဒီအချက်အလက်တွေကြည့်ပြီး ကျနော် မျက်လုံးပြုးသွားတယ်။ ဘယ်လိုဖြစ်ရတာလဲပေါ့။

ဒါနဲ့ ကျနော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး မေးကြည့်ပါတယ်။ သူက “အေး ဟုတ်တယ်ကွာ။ ရွာမှာ လုပ်ကိုင်စားသောက်ရတာ ကြပ်လွန်းတယ်၊ နောက် ချောဆွဲတာကလဲရှိတယ်။ ဒါကြောင့် မြို့တက်အလုပ်လုပ်နိုင်တဲ့သူက မြို့တက်၊ နောက်နီးစပ်ရာနယ်စပ်က နိုင်ငံတွေမှာ အလုပ်သွားလုပ်ကြရတယ်။ တတ်နိုင်တဲ့သူတွေကတော့ နိုင်ငံခြားကို သွားကြတယ်။ တော်တော် စိတ်မကောင်းစရာပဲတဲ့။ အကုန်မိတကွဲ ဖတကွဲဖြစ်နေကြတယ်” တဲ့။ သူနဲ့စကားပြောပြီး စဉ်းစားနေရင်းမှ ကျနော်တို့အိမ်မှာတောင် ယောင်္ကျားသားတွေ အပြင်ထွက် အလုပ်လုပ်နေရာတာ အိမ်မှာ အမေနဲ့ ညီမပဲကျန်တယ်။ ကျန်တဲ့မိသားစုတွေလဲ ဒီလိုပဲဖြစ်ကြမှာပဲလေလို့ တွေးရင်း တွေးရင်း ရင်လေးလာတာနဲ့ ဆက်မတွေးရဲတော့ဘူး။

ဟင်း … ဦးနှောက်တွေ လုပ်အားတွေ အလကား စီးယိုနေတာ မနည်းပါလား။

Friday, February 5, 2010

ခေတ်သစ်ပို့ကုန်

သမိုင်းမှာ သူတို့က ကမ္ဘာပတ်ပြီး ကျွန်ရှာတယ်
အခု ငါတို့က ကမ္ဘာပတ်ပြီး သခင်ရှာတယ်

ခေတ်ဟောင်းကျွန်က သူများ တံဆိပ်နှိပ်ခံရတယ်
ခေတ်သစ်ကျွန်က ကိုယ့်တံဆိပ် ကိုယ်နှိပ်တယ်

တောင်ကျွန်းရဲ့ အပေါဆုံးပို့ကုန် လိုသလောက်ရမယ်…

Friday, January 29, 2010

Australia Day vs. Invasion Day


ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၆) ရက်နေ့က သြစတြေးလျမှာ (၂၂၂) ကြိမ်မြောက် Australia Day ကို တနိုင်ငံလုံး ပျော်ပွဲရွှင်ပွဲ ကျင်းပကြတယ်။ အလုပ်တွေလဲ ပိတ်ကြတော့ အားလုံးပျော်ပျော်ပါးပါးပေါ့။ သြစတြေးလျတိုက်ကို ကပ္ပတိန်ကွတ် (Captain James Cook) တို့ စတွေ့ပြီး (၁၈) နှစ်အကြာမှာ ကပ္ပတိန်ဖီးလစ် (Captain Arthur Phillip) ဦးဆောင်တဲ့ အင်္ဂလိပ်ရေတပ် ရောက်လာပြီး သြစတြေးလျတိုက်မှာ ပထမဆုံး ဗြိတိသျှအလံစိုက်တဲ့နေ့၊ သြစတြေးလျနိုင်ငံ စတင်တည်ထောင်တဲ့နေ့ပေါ့ဗျာ။

အဲဒီမှာ ပြောချင်တာက အခုချိန်ထိ ဌာနေတိုင်းရင်းသားတွေ အပါအ၀င် အချို့လူနည်းစုတွေက Australia Day ကို အသိအမှတ်မပြုပါဘူးဗျာ။ သူတို့အတွက်ကတော့ Invasion Day ပါပဲတဲ့။ ဒါလဲ ယနေ့ သြစတြေးလျနိုင်ငံ အခြေအနေ ဘယ်လိုရှိရှိ သူတို့အဆို နဲ့ သူတို့ ဟုတ်သလိုလိုပဲ။ အင်း လူတွေ လူတွေ သူ့ဘက် ကိုယ့်ဖက် ... ဘယ်တော့မှ ဆုံးနိုင်ကြပါမလဲနော်။